ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် ရပ်စောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

တောင်ကြီး        မေ       


ရပ်စောက်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို မေလ(၄)ရက်နေ့၊ နံနက်ပိုင်းက ရက်စောက်မြို့၊ ဈေးတန်းရပ်ကွက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ ရုံး‌ရှေ့တွင် ကျင်းပဆောင်ရွက်သည်။

ဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်တို့က ရက်စောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေး၍ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။










ဆက်လက်၍ ရပ်စောက်မြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို နံနက်(၁၀) နာရီအချိန်က ရပ်စောက်မြို့၊ ရဿဝတီခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က မိတ်ဆက်အမှာစကားပြောကြားရာတွင် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆောင်ရွက် ချက်များ၊ ရှမ်းပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းမှုနှင့် လွှတ်တော်၏ လုပ်ငန်းတာဝန်များအား ပြောကြား၍ နိုင်ငံတော်အနေဖြင့် အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် တိုင်းရင်းသားမိဘ ပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကဏ္ဍပေါင်းစုံဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများကလည်း မိမိတို့ဒေသအတွက် အမှန်တကယ် လိုအပ်သည့် ကိစ္စရပ်များအား စိစစ်တင်ပြပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။












ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်းကလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကလည်း‌ကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်ကလည်းကောင်း၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်ကလည်းကောင်း မိတ်ဆက်အမှာစကားပြောကြားကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က ရက်စောက်မြို့နယ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝာက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိရှိလိုသည်များ မေးမြန်ဆွေးနွေးကြရာ ရှမ်းပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌနှင့်  လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ဖြေ‌ကြား ပေးခဲ့ကြောင်းသိရသည်။











အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်   မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့်ဧည့်တော်များ စုစုပေါင်း(၃၂၀)ဦး  တက်ရောက်ကြ‌ကြောင်း သိရှိရသည်။



ဆက်လက်၍ ရပ်စောက်မြို့နယ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ(၂း၃၀)အချိန်က ရပ်စောက်မြို့ ရဿဝတီခန်းမ၌ ဆက်လက် ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားပြီး၊  တက်ရောက် လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အမှာစကားပြောကြားသည်။ ထို့နောက် မြိုနယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က ရပ်စောက်မြို့နယ်အနေဖြင့် အစိုးရသစ် ကာလ ရက်(၁၀၀)စီမံချက်ဖြင့် တိုင်းရင်းသားမိဘ ပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြသည်။













ယင်းနောက် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးတင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)