တောင်ကြီး အောက်တိုဘာလ ၇
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းရပ်များအား ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။














ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
















ဆက်လက်၍ လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ညနေ (၅)နာရီ(၄၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဘာသာ