တောင်ကြီး နိုဝင်ဘာ ၆
ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများ၊ စုစုပေါင်း(၈၀)ဦး တက်ရောက်ကြသည်။










ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပါ ပြည်နယ်ဥပဒေချုပ်၏ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
































ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးဘုန်းနိုင်က ဥပဒေရေးရာဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအကြောင်းကို လည်းကောင်း၊ ဒုတိယ ပြည်နယ်ဥပဒေအရာရှိ ဒေါ်ကေသီထွေးက အစိုးရ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီ/ လုပ်ငန်းရှင်တို့ ချုပ်ဆို မည့် လုပ်ငန်းအပ်နှံခြင်းသဘောတူစာချုပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လက်ထောက်ပြည်နယ် ဥပဒေအရာရှိ ဒေါ်အေးမိစံက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေဆိုင်ရာကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည် များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ