ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

တောင်ကြီး     နိုဝင်ဘာ     ၅

ရှမ်းပြည်နယ်ပို့ဆောင်ရေးစီမံကိန်းနှင့် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့၊ နေ့လယ်(၁)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စုစုပေါင်း(၈၅)ဦး တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးစန္ဒာဦးက ရှမ်းပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ နောက်ခံသမိုင်းအကျဉ်း၊ မူဝါဒ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်၊ ဖွဲ့စည်းပုံ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်အမျိုးအစားများ၊ ဘဏ္ဍာငွေရရှိသုံးစွဲမှုအခြေအနေများ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို  Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားတက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ ဦးစီးအရာရှိ၊ ဒေါ်သင်းသင်းဌေးမှ ရှမ်းပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဖွဲ့စည်းပုံအင်အား၊ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် အခွန်/ သာမန်ရငွေ လျာထားကောက်ခံရရှိမှု၊ ယာဉ်မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပွဲများနှင့် စည်းကမ်းပျက်ယာဉ်များအား အရေးယူဆောင်ရွက်မှု၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ငွေလုံးငွေရင်းလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရက် ၁၀၀ စီမံချက်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားတက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။