ာင်ကြီး ဧပြီ ၂၇
၁၃၈၈ ခုနှစ်၊ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပူဇော်ပွဲအခမ်းအနားအား တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးနှင့် လွှတ်တော်ရုံးဝန်ထမ်းများက အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကြသည်။




ဆက်လက်၍ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်ရှိ သိမ်တောင်ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ အမှူးပြုသည့် ပင့်သံဃာ(၅)ပါးတို့ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များက ရွတ်ပွားသရဇ္ဈာယ်ချီးမြင့်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။




ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လွှတ်တော်ရုံးဝန်ထမ်းများက ပင့်သံဃာအရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှူအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို နေ့လယ် (၁)နာရီ(၄၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။







မြန်မာဘာသာ