တောင်ကြီး အောက်တိုဘာလ ၆
ရှမ်းပြည်နယ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းရပ်များအား ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။










ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက စည်ပင်သာယာရေးဌာန၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူခင်တို့က အသီးသီး ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။






















ဆက်လက်၍ လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ညနေ (၅)နာရီ(၅၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဘာသာ