တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ ကိုယ်စားလှယ် ၁၃ ဦးမှ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၅ ခု မေးမြန်း အဆို ၂ ခုဆွေးနွေး

တောင်ကြီး       အောက်တိုဘာ              ၇

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကို အောက်တိုဘာ (၇) ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၁၆)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၈၇.၈၈)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်း အဝေး စတင်ကျင်းပကြောင်း ကြေညာခဲ့သည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော မိုင်းရှူးမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းနော်ခမ်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးညီညီဇော်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ဆီဆိုင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ကျော်အေးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်ကြည်က ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးစိုင်းခမ်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးကျော်အောင်သန်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကျော်ညွန့်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဒီဂေါလ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦး​ဌေးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျေးသီးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နန်းသီတာနွယ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်နန်းအက်(စ်)ကီးမိုးက ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ ကလောမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ထွန်းငယ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းခမ်းကော်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း (၁၅)ခုတို့ကို မေးမြန်း ခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။


၎င်းနောက်  မိုင်းရယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ခိုင်သန္တာထွေး၏ ရှမ်းပြည်နယ်အတွင်း နည်းမျိုးစုံ၊ ပုံစံစုံ၊ ဒီဇိုင်းစုံဖြင့် ပေါများလာနေသော မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နှင်းနိုင်ရေးအတွက် ၁၉၉၃ ခုနှစ်၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့်အညီ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသောနည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်(၆)ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ၎င်းအဆိုနှင့်စပ်လျဉ်း၍  ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ဆွေးနွေးရှင်းလင်းပြီး လွှတ်တော်၏အဆုံးအဖြတ်ကို ရယူခဲ့သည်။


ယင်းနောက် မိုးမိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးစိုင်းခမ်းကျော်၏ ရှမ်းပြည်နယ်အတွင်း သဘာဝသယံဇာတများ တရားဝင်၊ စနစ်တကျနှင့် ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေး၊ တရားမဝင်ထုတ်ယူမှုများ ထိန်းချုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ၎င်းအဆိုနှင့် စပ်လျဉ်း၍ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်က ဆွေးနွေးရှင်းလင်းခဲ့ပြီး လွှတ်တော်၏အဆုံးအဖြတ်ကို ရယူခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(တတိယနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(စတုတ္ထနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်းသိရှိရသည်။ အဆိုပါ တတိယအကြိမ်ရှမ်းပြည်နယ် လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး(တတိယနေ့)သို့  ပြင်ပပုဂ္ဂိုလ်(၃)ဦး လာရောက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။