ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

တောင်ကြီး စက်တင်ဘာ ၂၈

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း(၁၅၀)ဦးတို့သည် ယနေ့ နံနက်ပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့  လာရောက်လေ့လာကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် အဆိုပါလေ့လာရေးအဖွဲ့အား ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းထားမှု အခြေအနေများ၊ ရှမ်းပြည်နယ်လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ Powerpoint ဖြင့် မိတ်ဆက် ရှင်းလင်းပြောကြားခဲ့ပြီး လာရောက်လေ့လာသည့်အဖွဲ့မှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။