တောင်ကြီး စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ ကြားနာစိစစ်ခဲ့သည့်အပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။










ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ ကြားနာစိစစ်ခဲ့သည့်ရေးရာကော်မတီအဖွဲ့တစ်ဖွဲ့ချင်းစီမှ မိမိတို့ စိစစ်တွေ့ရှိချက်များကို ဖတ်ကြားရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။























ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသည့် သက်ဆိုင်ရာရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁)နာရီ(၄၅)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ စုစုပေါင်း(၂၁)ဦးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဘာသာ