တောင်ကြီး စက်တင်ဘာ ၂၄
တောင်ကြီးမြို့ရှိ Happy Star Special Education Center, New Life Special Education Center နှင့် New Heaven Special Education Center ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ် ဦးဆောင်သော ကျောင်းသား၊ ကျောင်းသူ၊ မိဘများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ခံဆရာ၊ ဆရာများ စုစုပေါင်း(၆၆)ဦးတို့သည် ယနေ့မွန်းလွဲပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ လာရောက်လေ့လာကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့သည်။






















ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် အဆိုပါလေ့လာရေးအဖွဲ့အား ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းထားမှုအခြေအနေများ၊ ရှမ်းပြည်နယ်လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ Powerpoint ဖြင့် မိတ်ဆက် ရှင်းလင်းပြောကြားခဲ့ပြီး လာရောက်လေ့လာသည့်အဖွဲ့မှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ကျောင်း သား၊ ကျောင်းသူများက သံလွင်ခန်းမအတွင်း ပွဲတော်ညသီချင်းဖြင့် ပျော်ရွှင်စွာကခုန်ခဲ့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဆုများချီးမြှင့်ပေးခဲ့သည်။













ယင်းနောက် လေ့လာရေးအဖွဲ့သည် ရှမ်းပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမအတွင်း သွားရောက် လေ့လာခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာဘာသာ