တောင်ကြီး စက်တင်ဘာ ၂
ပြည်တွင်းပြည်ပသာသနာပြု ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဌာနာစရိယ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒအား ဖူးမျှော်ကြည် ညို၍ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်နာယူခြင်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းမှုအခမ်းအနားကို ၁.၉.၂၀၂၆ ရက်နေ့ (အင်္ဂါနေ့) (၀၉: ၃၀)နာရီချိန် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်း အနားသို့ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး ဒေါ်ခိုင်ဇာလင်းနောင်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့်ဇနီး ဒေါ်နန်းခမ်းကွမ်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းဝန်ထမ်းများ၊ ရှမ်းပြည်နယ် ဗုဒ္ဓကလျာဏယုဝအသင်း( YMBA) အသင်းဝင်များ၊ ဦးစံလင်း ဦးဆောင်သော ဓမ္မစကူးလ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြောက်ဦးဆရာတော် အားဖူးမျှော်ကြည်ညိုရန် ဖိတ်ကြားထားဧည့်ပရိတ်သတ်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။














အခမ်းအနားတွင် ပြည်တွင်းပြည်ပသာသနာပြု ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဌာနာစရိယ ၊ အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇ၊ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒအား ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး ဒေါ်ခိုင်ဇာလင်းနောင် အမှူးပြုသော ဧည့်ပရိတ်သတ်များက ဖူးမျှော်ကြည်ညိုခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူကြပြီး ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလှူရှင်များကဝါဆိုသင်္ကန်းများ၊လှူဖွယ်ဝတ္တုပစ္စည်းများနှင့် လှူဖွယ်ဝတ္တုငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ