တောင်ကြီး ဩဂုတ် ၂၈
တောင်ကြီးမြို့ရှိ The First Internatiol School မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မွန်မွန်တိုး ဦးဆောင်သော ဆရာ၊ ဆရာမ(၁၀)ဦးနှင့် (Grade 3, 4, 5) ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးသည် ဩဂုတ်လ (၂၇)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ လာရောက်လေ့လာကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက်ခဲ့သည်။








အဆိုပါ လေ့လာရေးအဖွဲ့သည် လွှတ်တော်အစည်းအဝေးခန်းမအတွင်း လေ့လာခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်လွှတ်တော်၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းထားမှုအခြေအနေများ၊ လွှတ်တော်၌ ဖွဲ့စည်းထားသည့် ရေးရာကော်မတီအဖွဲ့အစည်းများ၊ လွှတ်တော်အစည်းအဝေးကျင်းပနေမှု အခြေအနေများ၊ လွှတ်တော်ခေါ်ယူသည့်ကိစ္စရပ်များ၊ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များ၊ ကြယ်ပွင့် ပြမေးခွန်း ဆွေးနွေးမေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အဆိုတင်သွင်းမှုနှင့် ဥပဒေရေးဆွဲရေးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ အကျယ်တဝင့် မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။














ယင်းနောက် လေ့လာရေးအဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီးနောက် လေ့လာရေးအဖွဲ့သည် လွှတ်တော်ရုံးဝင်းအတွင်း တည်ဆောက်ထားသည့် မြေအောက်ရေသိုလှောင်ကန်စနစ်အား သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ