ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ဌာနဆိုင်ရာများနှင့် ကြားနာပွဲကျင်းပ

တောင်ကြီး ဩဂုတ် ၁၀



ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့်ပတ်သက်၍ ကြားနားပွဲအခမ်းအနားကို ပြည်နယ် အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်း(၁၄)ခုမှ တာဝန်ရှိသူများနှင့် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရသုံး ဆိုင်ရာစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က အမှာစကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ခင်မိမိလှိုင်နှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်တို့က ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်၊ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများနှင့်ပတ်သက်၍ Power Point များဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။


ထို့နောက် အစည်းအဝေး(ဒုတိယပိုင်း)ကို ငွေလုံးငွေရင်းအသုံးစရိတ်တောင်းခံထားသော ဌာန(၁၄)ခုမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီအခန်း(၇)တွင် ညနေ(၄)နာရီ(၄၅)မိနစ်အထိ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါကြားနာပွဲအား (၁၀. ၈. ၂၀၂၆) ရက်နေ့မှ (၁၁. ၈. ၂၀၂၆)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။