တောင်ကြီး ဩဂုတ် ၁၀
တတိယအကြိမ်ရှမ်း ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ရှမ်းပြည်နယ် ကုန်တင်ကုန်ချလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/ ၂၀၂၆)အား ယနေ့မနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံး ရေးရာကော်မတီအခန်း(၈)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဒီဂေါလ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူက ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်မတီဝင်များက ရှမ်းပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အပေါ် လိုအပ်သည်များ အသီးသီး ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြသည်။














ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဘာသာ