တာချီလိတ် ဩဂုတ် ၈




ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများက တာချီလိတ်မြို့နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပါဝါပွိုင့်မှတ်တမ်းများဖြင့် တင်ပြကြရာ လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။










ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်အနီးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ကွန်ကရစ်မြေထိန်းနံရံများ၊ ရေထိန်းတံခါးများ ဆောင်ရွက်ထားရှိမှု၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)အနီးရှိ ရေထိန်းတံခါးဆောင်ရွက်ထားရှိမှုနှင့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုလေ့လာကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကုန်စည်စီးဆင်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။












မြန်မာဘာသာ