တောင်ကြီး ဩဂုတ် ၇

ထို့နောက်
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ညနေ (၃)နာရီ(၃၀)မိနစ်အချိန်တွင်
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူလူထုများဖြင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပါသည်။








အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဖွဲ့စည်းမှု အနေဖြင့် မဲအများဆုံးရသူအနိုင်ယူစနစ် FPTP = ၃၈ ဦး၊ အချိုးကျကိုယ်စားပြုစနစ် PR = ၅၄ ဦး၊ တိုင်းရင်းသားလူမျိုးရေးရာလွှတ်တော်ကိုယ်စားလှယ် = ၇ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် = ၃၃ ဦး စုစုပေါင်း (၁၃၂) ဦးဖွဲ့စည်းထားရှိပါကြောင်း၊ဥပဒေများပြဋ္ဌာန်းနိုင်မှုအနေဖြင့် ပြဋ္ဌာန်းရန် ဥပဒေ(၇၅)ခုရှိသည့်အနက် ပြဋ္ဌာန်းပြီးဥပဒေ (၂၅)ခုရှိရာ ပြဋ္ဌာန်းရန်ကျန် ဥပဒေ (၅၀)ခုရှိပါကြောင်း၊တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအ ဝေးများတွင် တင်သွင်းခဲ့သည့် အဆိုများနှင့် မေးမြန်းခဲ့သည့် မေးခွန်းများအနေဖြင့် ဒုတိယပုံမှန်အစည်း အဝေးထိ ပေးပို့မှု ကြယ်ပွင့်ပြမေးခွန်း (၇၀) ခု၊ ကြယ်ပွင့်မပြမေးခွန်း (၁၆၄) ခုရှိပြီး တတိယပုံမှန်အစည်းအဝေးထိ ပေးပို့မှု အဆို(၄)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၉၁) ခု၊ ကြယ်ပွင့်မပြမေးခွန်း (၂၆) ခုဖြစ်ပါ ကြောင်း၊ တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်သူများကိုယ်စား ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေမှာ ဥပဒေပြုရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌ ဦးဒီဂေါ်လ်၊ အတွင်းရေးမှူး ဦးစိုင်းလှိုင်ခမ်းနှင့်အဖွဲ့ဝင် (၁၁) ဦး ဖြင့် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌ ဦးခွန်ဟန်သိန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းခမ်းကျော်နှင့် အဖွဲ့ဝင် (၁၅) ဦးဖြင့် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီကို ဥက္ကဋ္ဌ ဦးခင်အောင်ဆွေ၊ အတွင်းရေးမှူး ဦးစောမူးလာနှင့် အဖွဲ့ဝင် (၅) ဦးဖြင့် လည်းကောင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီကို ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်၊ အတွင်းရေးမှူး ဦးထင်အောင်နိုင်နှင့် အဖွဲ့ဝင် (၁၁) ဦးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ဥက္ကဋ္ဌ ဦးဟိန်းထက်ဇော်၊ အတွင်းရေးမှူး ဦးနော်တောင်နှင့်အဖွဲ့ဝင် (၁၀) ဦးဖြင့် လည်းကောင်း၊ စည်ပင်သာယာရေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌ ဦးဌေးဝင်းလှိုင်၊ အတွင်းရေးမှူး ဒေါ်နန်းနော်နှင့်အဖွဲ့ဝင် (၁၀) ဦးဖြင့် လည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ အတွင်းရေးမှူး ဦးခွန်ကြည်နှင့်အဖွဲ့ဝင် (၁၀) ဦးဖြင့် လည်းကောင်း၊ တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် တိုင်ကြားစာများစိစစ်ရေးကော်မတီကို ဥက္ကဋ္ဌ ဦးစိုင်းကျော်မိုး၊ အတွင်းရေးမှူး ဦးသန်းစိုးနှင့်အဖွဲ့ဝင် (၁၃) ဦးဖြင့် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီကို ဥက္ကဋ္ဌ ဦးစိုင်းဟွမ်နွဲ့၊ အတွင်းရေးမှူး ဦးဇော်လွင်နှင့်အဖွဲ့ဝင် (၁၀) ဦးဖြင့် လည်းကောင်း၊ သစ်တော၊ သတ္တု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် လျှပ်စစ် ရေးရာကော်မတီကို ဥက္ကဋ္ဌ ဦးစိုင်းခတ္တိယ၊အတွင်းရေးမှူး ဒေါ်နန်းဆိုင်မွန်းနှင့်အဖွဲ့ဝင် (၁၀) ဦးဖြင့် လည်းကောင်း ပါဝင်ဖွဲ့စည်းထားရှိကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်မှ အမှာစကားပြောကြားခြင်းများ ပြုလုပ်ပြီးနောက် တက်ရောက်လာသည့် ဒေသခံပြည်သူ ( ၄ ) ဦးမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား တင်ပြဆွေးနွေးကြပါသည်။


ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်း အနားအား ညနေ (၄)နာရီ(၂၀)မိနစ်အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ