တောင်ကြီး ဧပြီ ၄
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် နံနက်(၁၀)နာရီ(၃၀)မိနစ်အချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၏ လမ်းညွှန်မှုဖြင့် တောင်ကြီးမြို့အခြေစိုက် Millionaires's Vision Eye Care မျက်စိ အထူးကုစင်တာမှ မျက်စိကျွမ်းကျင်ပညာရှင်(Optician)များက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား မျက်စိစစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်လွှတ်တော် ရုံးဝင်းအတွင်း ဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် Millionaires's Vision Eye Care မျက်စိအထူးကုစင်တာမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို Visual Acuity Test, Color Vision Test, Auto Refraction Test, Amsler Test, Red-Green Test, Movement Motion Test, Phoropter Test, Retinoscope Test, Consultation စသည့် မျက်စိဆိုင်ရာ စမ်းသပ်စစ်ဆေးနည်းများဖြင့် ခေတ်မီစက်များအသုံးပြု၍ စစ်ဆေး ဆောင်ရွက်ပေးခဲ့ပါသည်။






အဆိုပါ မျက်စိစစ်ဆေးစမ်းသပ်ခြင်းကို Millionaires's Vision Eye Care မျက်စိအထူးကုစင်တာမှ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း(၂၃)ဦးအား စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရ သည်။
(၄. ၄. ၂၀၂၆)ရက်နေ့တွင်လည်း Millionaires's Vision Eye Care Showroom တွင် မျက်စိထပ်မံ စစ်ဆေးစမ်းသပ်သူ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးရှိပြီး မျက်စိထပ်မံစစ်ဆေးစမ်းသပ်လိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါကလည်း Millionaires's Vision Eye Care မျက်စိအထူးကု စင်တာမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မြန်မာဘာသာ
Leave a Reply