တောင်ကြီး မတ် ၃၀
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို မတ်(၃၀)ရက် နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။






ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ(၁၃၂)ဦးရှိသည့်အနက် (၁၃၂)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအား ဖြင့် (၁၀၀)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် ဟိုပုံးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်၊ အတွင်းရေးမှူး အဖြစ် မိုင်းယန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းပါ အဖွဲ့ဝင်(၁၂)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် မောက်မယ်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦး၊ အတွင်းရေးမှူးအဖြစ် မိုးမိတ်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကျော်ပါ အဖွဲ့ဝင်(၁၅)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် လားရှိုးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဆွေ၊ အတွင်းရေးမှူးအဖြစ် မိုင်းတုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောမူးလာပါ အဖွဲ့ဝင်(၆)ဦး၏အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာငွေအရအသုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် ရပ်စောက်မြို့နယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ညွန့်၊ အတွင်း ရေးမှူးအဖြစ် မိုင်းတုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထင်အောင်နိုင် ပါ အဖွဲ့ဝင်(၁၁)ဦး၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့သည်။


ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေး(တတိယနေ့)ကို ရပ်နားကြောင်းနှင့် တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေး(စတုတ္ထနေ့)ကျင်းပမည့်လုပ်မည့်ရက်အား လွှတ်တော်ကိုယ်စားလှယ်များထံ အချိန်မီအသိပေး အကြောင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာဘာသာ
Leave a Reply