၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့လယ်(၁၂)နာရီ(၄၅)မိနစ် အချိန်တွင် တောင်ကြီးမြို့၊ သစ်တော ရပ်ကွက်၊ သပြေလမ်းရှိ မြို့တော်ခန်းမ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် ဇနီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင် /မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ အခြားသော ဖိတ်ကြားထားရှိသူများ၊ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။


ပထမဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်း၍ မန္တလေးငလျင်ကြီး လှုပ်ခတ်မှု
(၁)နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁ မိနစ် ငြိမ်သက်ခဲ့ကြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများက ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်မှုများတွင် ပါဝင် ကူညီဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။




ထို့နောက် ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်မှုမှတ်တမ်း Video ဖြင့် ပြသခဲ့ကာ အခမ်းအနားကို နေ့လယ်(၂)နာရီ(၄၀)မိနစ် အချိန်တွင် ရုပ်သိမ်းခဲ့ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ က မြို့တော်ခန်းမ၏ရှေ့၌ ခင်းကျင်းးပြသထားရှိသော ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်ခဲ့မှု မှတ်တမ်းပြခန်းများ အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မြန်မာဘာသာ
Leave a Reply