ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

တောင်ကြီး မတ် ၂၆


ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဦးစိုင်းလုံကျော်သည် ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ရှမ်းပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်အောင်နှင့် အဖွဲ့အား ၎င်း၏ ရုံးခန်းတွင် လက်ခံတွေ့ဆုံ ခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ရှမ်းပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌမှ ရှမ်းပြည်နယ် အတွင်း ဆောင်ရွက်နေသည့်ဥပဒေအထောက်အကူ ပြုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ပြီး ရှမ်းပြည်နယ် လွတ်တော်ဥက္ကဋ္ဌက တင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီများနှင့် ပတ်သက်၍လည်း လိုအပ်ပါက ကူညီပံ့ပိုးဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်(၃)ဦးပါ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


Leave a Reply