တောင်ကြီး အောက်တိုဘာလ ၅
ရှမ်းပြည်နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနတို့၏ ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရပ်များအား ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။














ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက မိမိတို့ ဌာန၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူ များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။













ဆက်လက်၍ ရှမ်းပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝေဖြိုးကျော်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ အား Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ညနေ(၅)နာရီ(၅၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ရှိသူများ စုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
မြန်မာဘာသာ