ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Forever Group မှ ရှမ်းပြည်နယ်လွှတ်တော်သို့ CANAL + စက်နှင့် စလောင်းများ လှူဒါန်းပွဲအခမ်းအနား တက်ရောက်

တောင်ကြီး အောက်တိုဘာ ၁

ရှမ်းပြည်နယ်လွှတ်တော်သို့ Forever Group မှ CANAL + စက်နှင့် စလောင်းများ လှူဒါန်းပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ရုံးဝန်ထမ်းများ၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ  Forever Group မှ Project Director ဦးသိန်းထွန်းအောင်က ရှမ်းပြည်နယ်လွှတ်တော်တွင် အသုံးပြုနိုင်ရန်အတွက် CANAL + စက်နှင့် စလောင်းများကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။  ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက CANAL + စက်နှင့် စလောင်းများ လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။