တောင်ကြီး စက်တင်ဘာ ၈
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်သည် လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့တွင် ပြည်နယ်လွှတ်တော်ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူရာထူးနေရာများတွင် ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွင်း ခန့်ထားခွင့်ရရှိသော အငယ်တန်းစာရေးရာထူးနေရာများနှင့် ရုံးအကူ/စာပို့ရာထူးနေရာတို့တွင် ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်ရုံး၊ ကျားခေါင်းခန်းမအတွင်း အရည်အချင်းစစ်စာမေးပွဲရေးဖြေစစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ စက်တင်ဘာလ(၈)ရက်နေ့တွင် ပြည်နယ်လွှတ်တော်ရုံး၊ စာကြည့်တိုက်အတွင်း Computer ကျွမ်းကျင်မှုလက်တွေ့စစ်ဆေးခြင်းအခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
























မြန်မာဘာသာ