တောင်ကြီး ဩဂုတ် ၁၉
ရှမ်းပြည်နယ်၏ လမ်း/တံတားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ်(၁၉)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဦးခွန်သန်းထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် လမ်းဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။















ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး လမ်းဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ဦးတည်ချက်၊ လုပ်ငန်းစဉ်များနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ လမ်း/ တံတားလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။









ထို့နောက် လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ကျော် ဝင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ကြီးကြပ်ရေးအဖွဲ့ ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးအောင်နိုင်တို့က မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။














ရှင်းလင်းတင်ပြမှုများအပြီးတွင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြရာ လမ်းဦးစီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ပြန်လည် ရှင်းလင်း၊ ဆွေးနွေး၊ ဖြေကြားပေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ