တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပနေမှုကို ရပ်စောက်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လာရောက်လေ့လာ

တောင်ကြီး       ဩဂုတ်             ၁၇



တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပနေမှုကို ရပ်စောက်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်မောင်လွင် ဦးဆောင်သည့် ပါတီဝင် (၄၉)ဦးတို့ လာရောက်လေ့လာကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက်ခဲ့သည်။


အဆိုပါ လေ့လာရေးအဖွဲ့သည် လွှတ်တော်အစည်းအဝေးကျင်းပနေမှုများကို တက်ရောက်လေ့လာခဲ့ကြပြီး အစည်းအဝေးပြီးစီးချိန်တွင် လွှတ်တော်အစည်းအဝေးခန်းမအတွင်း၌ လွှတ်တော်ဥက္ကဋ္ဌကြီးက ရှမ်းပြည်နယ်လွှတ်တော်၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းထားမှုအခြေအနေများ၊ လွှတ်တော်၌ ဖွဲ့စည့်ထားသည့် ရေးရာကော်မတီအဖွဲ့အစည်းများ၊ လွှတ်တော်အစည်းအဝေးကျင်းပနေမှုအခြေအနေများ၊ လွှတ်တော်ခေါ်ယူ သည့်ကိစ္စရပ်များ၊ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များ၊ ကြယ်ပွင့်ပြမေးခွန်း ဆွေးနွေးမေးမြန်းခြင်းဆိုင်ရာကိစ္စရပ်များ၊ အဆိုတင်သွင်းမှုနှင့် ဥပဒေရေးဆွဲရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တဝင့် မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် တက်ရောက်လေ့လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ဥက္ကဋ္ဌကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။