တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

တောင်ကြီး       ဩဂုတ်       ၁၄


တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ဩဂုတ် (၁၄)ရက်၊ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။


ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၁၈)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၈၉.၃၉) ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဌေးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို လည်းကောင်း၊ ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဒီဂေါလ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းရယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစိုင်းခမ်းကော်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးခွန်စနေအောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးကျော်အောင်သန်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မက်မန်းမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခမ်းလူက ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ မူဆယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်စွာဝင်း(ခ)Mအောင်ဂျာက ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊   ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဟိန်းထက်ဇော်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်း ကောင်း၊ မောက်မယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်ဟန်သိန်းဦးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးခွန်ကြည်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကွန်ဟိန်း မြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းခတ် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရန်အောင်က ကြယ်ပွင့်ပြမေးခွန်း (၂)ခုကို လည်းကောင်း၊ ရွာငံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းသန်းထွန်း(ခ) သိန်းသန်းထွန်းက ကြယ်ပွင့်ပြမေးခွန်း (၁)ခုကိုလည်းကောင်း၊ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးခင်အောင်ဆွေက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မူဆယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးနော်တောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးတို့က ကြယ်ပွင့်ပြမေးခွန်း(၁၈)ခုတို့ ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။


ယင်းနောက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်က တင်ပြသည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။


၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(တတိယနေ့) ဆက်လက် ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သည့် တတိယအကြိမ်ရှမ်းပြည်နယ် လွှတ်တော်တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)သို့ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၅၃)ဦး တက်ရောက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။