ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် Fouth Regular တွင် တင်သွင်းခဲ့သည့် အစည်းအဝေးအဆိုနှင့် ပတ်သက်၍ ဆောင်ရွက်ချက်
စဉ် ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် တင်သွင်းသည့်အဆို ထောက်ခံအကြံပြုဆွေးနွေးသူ ရှင်းလင်းဆွေးနွေးသူ မှတ်ချက်
1 ဦးစိုင်းလှဝင်း(မိုင်းပြင်း-၂) ရှမ်းပြည်နယ်အတွင်း ဆင်းရဲမှုလျော့ချပြီး လူနေမှုအဆင့်အတန်းမြင့်မားလာရေးအတွက် သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းမှ အခြေခံဥပဒေပုဒ်မ ၁၈၈ အရ ဇယား(၂)ပါ ပြဋ္ဌာန်း ထားသည့်ကဏ္ဍကြီး(၈)ရပ်မှ ပြည်သူ့အကျိုးပြုလုပ်ငန်းဖော်ဆောင်ပေးမည့် ဥပဒေကြမ်းများ ရေးဆွဲပေးရန်အဆို ဦးညွန့်ဝင်း(မိုင်းဖြတ်-၁) ဦးမောင်မောင်(ဥပဒေချုပ်) ရယူရန်
2 ဒေါ်နန်းခမ်းအေး(နမ္မတူ-၂) ရှမ်းပြည်နယ်အတွင်းဖြတ်သန်းသွားသော Gas ပိုက်လိုင်းအတွက် Gas ရောင်းရငွေ၏အမြတ် ၅%ကို ရှမ်းပြည်နယ်ဘဏ္ဍာငွေသို့ နှစ်စဉ်ပေးရန်နှင့် အကျိုး အပြစ်များအတွက် မည်သို့ဆောင်ရွက်ထားသင့်သည်ကို ရှမ်းပြည်နယ်အစိုးရမှ တိကျစွာတောင်းဆိုပေးပါရန် အဆို ဒေါ်အေးချိုစိန်(ဖယ်ခုံ-၁) ဦးအောင်ထွဏ်း(နမ့်ဆန်-၂) ဦးစိုင်းထွန်းရင်(လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး) ရယူရန်
3 ဦးအောင်ကျော်ညွန့်(ရပ်စောက်-၁) ပညာရေးဝန်ထမ်းများ မိမိတာဝန်ကို စဉ်ဆက်မပြတ် ကြိုးပမ်း အောင်မြင်နိုင်ရေးအတွက် ဆုပေးဒဏ်ပေးမျာဖြင့် ပြုလုပ် ဖော် ဆောင်သင့်ပါကြောင်းအဆို။ ဦးမြင့်စိုးနိုင်(ရပ်စောက်-၂)၊ ဒေါ်နန်းငွေငွေ(မူဆယ်-၁)၊ ဒေါ်နန်းမြမြလွင်(မိုင်းယောင်း-၂) ဒေါက်တာမျိုးထွန်း(လူမှုရေးဝန်ကြီး) ရယူရန်
4 ဒေါ်နန်းခမ်းအေး(နမ္မတူ-၂) စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများအကြား ဖြစ်ပေါ်လာနိုင်သည့် လူမျိုးရေးသွင်ဆောင်မည့် ပြဿနာများ၊ ပဋိပက္ခများကို ကြိုတင်ကာကွယ်ပေးနိုင်ရေးအဆို။ ဦးစိုင်းခမ်းကျော်(ကျောက်မဲ-၁)၊ ဦးကျော်မြ(နောင်ချို-၁) ဗိုလ်မှူးကြီးအောင်သူ(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) ရယူရန်
5 ဦးစိုင်းစိန်ဝင်း(သီပေါ-၂) ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၂)၁။(ဃ)တွင်ပါရှိသောယစ်မျိုး ခွန်(အရက်ချက်)လိုင်စင်လုပ်ထုံးလုပ်နည်းများပြင်ဆင်နိုင်ရေးအဆို။ ဦးစိုင်းခမ်းကျော်(ကျောက်မဲ-၁) ဦးရဲနိုင်အောင်(အတွင်းရေးမှူး၊ရှမ်းပြည်နယ်အစိုးရအဖွဲ့) ရယူရန်
6 ဦးစိုင်းတင်ဦး(နမ့်ခမ်း-၁) ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသော သစ်လုံးများ၊ သစ်ခွဲသား များ၊ ကိုင်းဖျား ကိုင်းနားများနှင့် သစ်ငုတ်တိုများကို ရှမ်းပြည်နယ် အစိုးရ၏ဘဏ္ဍာရန်ပုံငွေအဖြစ်ပေးသွင်းရန်အဆို။ ဦးစိုင်းခမ်းကျော်(ကျောက်မဲ-၁)၊ ဒေါက်တာထွန်းအောင်(ညောင်ရွှေ-၁) ဦးစိုင်းဆာလူ(စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး) ရယူရန်