တောင်ကြီး ဇူလိုင် ၁၇
ရှမ်းပြည်နယ်လွှတ်တော်ရုံး၏ ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ (၁၇)ရက်နေ့၊ မနက်ပိုင်းက တောင်ကြီးမြို၊ ရှမ်းပြည်နယ်လွှတ်တော်ရုံးဝင်းအတွင်း၌ ကျင်းပရာ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ရှမ်း ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်ထားသောနေရာများတွင် သစ်ပင်များကိုဦးဆောင် စိုက်ပျိုးပေးကြပြီး သစ်ပင်စိုက်ပျိုးပွဲသို တက်ရောက်လာသူများ၏ သစ်ပင်စိုက်ပျိုးနေမှုအခြေအနေများကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်လွှတ်တော်ရုံး၏ ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်တာဝန်ရှိသူများက စိန်ပန်းပင်နှင့်ခါတော်မီပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

















မြန်မာဘာသာ