တောင်ကြီး ဇွန် ၁၃
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဇွန်လ(၁၁)ရက်နေ့၊ နေ့လယ်ပိုင်းအချိန် တွင် ပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာကိစ္စရပ်များနှင့် တာချီလိတ်မြို့နယ်ရှိ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ မယ်ခေါင်ချောင်း၊ မယ်ဟောက်ချောင်း၊ မဲခေါင်မြစ်နှင့် မိုင်းဆတ်မြို့နယ်ရှိ နမ့်ခုတ်မြစ်ရေတို့၏ ရေအရည်အသွေးအား လစဉ်တိုင်းတာဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။










ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြပြီး အခမ်းအနားကို ညနေ(၄)နာရီ (၁၅)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ ပြီး အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ