တောင်ကြီး ဇွန် ၁၂
တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ဇွန်(၁၂)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။




ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၁)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်(၉၁.၆၇)ရာခိုင်နှုန်း ရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော မိုင်းတုံမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)ဦးစောမူးလာက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ လဲချားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်နန်းအက်(စ်)ကီးမိုးက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ရပ်စောက် မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကျော်ညွန့်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်း ကောင်း၊ မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မေနှင်းသက်က ကြယ်ပွင့်ပြမေးခွန်း (၂)ခုကို လည်းကောင်း၊ မက်မန်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခမ်းလူက ကြယ်ပွင့် ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မိုင်းဆတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်နန်းနော်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျေးသီးမြို့ နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်နန်းမွန်းအောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးအိုက်ပလိပ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးထင်အောင်နိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ သီပေါမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးညီညီဇော်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်း ကောင်း၊ နမ့်ဆန်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဇော်လွင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း(၁၇)ခုတို့ကို မေးမြန်းခြင်း ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။












၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီ၊ သစ်တော၊ သတ္တု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် လျှပ်စစ်ရေးရာကော်မတီများ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်၏လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာများအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး(စတုတ္ထနေ့)အစီအစဉ် ပြီးစီးကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ပြီးမြောက်ကြောင်း ကြေညာခဲ့သည်။


မြန်မာဘာသာ