တောင်ကြီး ဇွန် ၁၀
တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ဇွန်(၁၀)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။












ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၆)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်(၉၅.၄၅)ရာခိုင်နှုန်း ရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခဲ့သည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ကွန်ဟိန်းမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ သီပေါမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးညီညီဇော်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မိုင်းပျဉ်း မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မေနှင်းသက်က ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို လည်းကောင်း၊ လဲချားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်နန်းအက်စ်ကီးမိုးက ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို လည်းကောင်း၊ ရပ်စောက်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကျော်ညွန့်က ကြယ်ပွင့် ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းခတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးရန်အောင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ နမ့်ဆန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဇော်လွင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစောမူးလာက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးအိုက်ပလိပ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းတုံမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးထင်အောင်နိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နားဖန်း မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးစိုင်းအောင်မြင့်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်း ကောင်း၊ လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း(၁၇)ခုတို့ကို မေးမြန်းခြင်း ဆောင်ရွက် ခဲ့ရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။

















၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီနှင့် စည်ပင်သာယာရေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီတို့၏ လျာထားချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ကို ရယူပြီး ကော်မတီများ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် တိုင်ကြားစာများ စိစစ်ရေးကော်မတီတို့တွင် ထည့်သွင်းဖွဲ့စည်းမည့် အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင် အမည်စာရင်းများ၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းတို့ကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက အဆိုပါကော်မတီများ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်လျာထားချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး(ဒုတိယနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်းသိရှိရသည်။
မြန်မာဘာသာ