တောင်ကြီး ဇွန် ၉
တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ဇွန်(၉)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။










ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်ဦးရေ(၁၃၂)ဦးရှိသည့်အနက် (၁၂၁)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်(၉၁.၆၇)ရာခိုင်နှုန်း ရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပြီး နှုတ်ခွန်းဆက်စကားပြောကြားသည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော မိုင်းပျဥ်းမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)ဒေါ်မေနှင်းသက်က ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို လည်းကောင်း၊ နမ့်ဆန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးဇော်လွင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျိုင်းတုံ မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးအိုက်ပလိပ်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မက်မန်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးခမ်းလူက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်း ကောင်း၊ ကျိုင်းတုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းဟွမ်နွဲ့က ကြယ်ပွင့်ပြ မေးခွန်း(၂)ခု ကို လည်းကောင်း၊ ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးဝင်းလှိုင်က ကြယ်ပွင့်ပြ မေးခွန်း(၂)ခုကို လည်းကောင်း၊ ဟိုပုံးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဒီဂေါလ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစောမူးလာက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဒေါ်နန်းအက်စ်ကီးမိုးက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ရပ်စောက်မြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးအောင်ကျော်ညွန့်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်း ကြယ်ပွင့်ပြမေးခွန်း (၁၈)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား ခဲ့ကြသည်။

















၎င်းနောက် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ တို့၏ ကော်မတီဝင်ဦးရေ ပြင်ဆင်သတ်မှတ်ခြင်းအား ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီတွင် ထည့်သွင်းဖွဲ့စည်းမည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏အမည်စာရင်းတို့ကို ပြည်နယ်လွှတ်တော်သို့ တင်ပြသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ၊ စိစစ်ရေးကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်လျာထားချက်များကို ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဖတ်ကြားရှင်းလင်းပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်လွှတ်တော်အတွက် စည်ပင်သာယာရေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီတွင် ထည့်သွင်းဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြသည်။


ဆက်လက်၍ စည်ပင်သာယာရေး၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်လျာထားချက်များနှင့်စပ်လျဥ်း၍ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဖတ်ကြားရှင်းလင်းပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး(ပထမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်းသိရှိရသည်။


မြန်မာဘာသာ