တောင်ကြီး ဇွန် ၂၃
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်သည် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့်အတူ (၂၃.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အမှာစကားများ ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် လွှတ်တော်ရုံးဝန်ထမ်းများက မိမိတို့၏ ဌာနခွဲ၊ ဌာနစုများ အလိုက် လုပ်ငန်းဆောင်ရွက်မှုများကို တစ်ဦးချင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

















ထို့နောက် ဌာနစု၊ ဌာနခွဲတာဝန်ခံများဖြစ်ကြသည့် လ/ထ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လွှတ်တော်အစည်းအဝေးမစတင်မီ၊ အစည်းအဝေးကျင်းပစဉ်ကာလနှင့် အစည်းအဝေးပြီးမြောက်ပြီးနောက် ဆောင်ရွက်ရသည့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြရာ လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ရုံးဝန်ထမ်းများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းနားကို နေ့လယ်(၂)နာရီ(၃၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ