ရှမ်းပြည်နယ်လွှတ်တော် Website အား စမ်းသပ်ထုတ်လွှင့်နေခြင်းဖြစ်ပါသည်
34ºc, Sunny - Wednesday, 4th February, 2026
| စဉ် | ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် | တင်သွင်းသည့်အဆို | ထောက်ခံအကြံပြုဆွေးနွေးသူ | ရှင်းလင်းဆွေးနွေးသူ | မှတ်ချက် |
|---|---|---|---|---|---|
| 1 | ဦးစိုင်းထွန်းဝင်း (ကျောက်မဲ-၁) | “ တိုင်းရင်းသားစာပေသင်ကြားမှုတွင် သင်ရိုးညွှန်းတမ်း၊ ကျောင်းဆရာ၊ ကျောင်းသားအရေအတွက်၊ ဆရာများ၏ ချီးမြှင့်ငွေ ကိစ္စစသည်တို့ကိုပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားစာပေသင်ကြားရေးတွဲဖက်ဦးစီးဌာနတစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေး ” အဆို | ဦးစိုင်းအောင်မျိုးကျော်(လင်းခေး-၁)၊ ဦးစိုင်းစံထွန်း(ကွန်ဟိန်း-၁)၊ ဦးစိုင်းခမ်းမြတ်(တန့်ယန်း-၂) | ဒေါက်တာမျိုးထွန်း(လူမှုရေးဝန်ကြီး) | ရယူရန် |
| 2 | ဒေါ်နန်းခင်ထားရီ (သိန္နီ-၁) | “ ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်၊ မိုင်းပါးကျေးရွာအုပ်စုနှင့် ကောင်းအိုင်ကျေးရွာအုပ်စုအတွင်း အလင်းသစ်( ၇ ) ကုမ္ပဏီသတ္တုတူးဖော်နေခြင်းအား ပိတ်သိမ်းပေးနိုင်ရေးအတွက် စိစစ်ပေးပါရန်” အဆို | ဒေါ်နန်းစံဟွမ်(နမ္မတူ-၂)၊ ဦးစိုင်းထွန်းဉာဏ်(ကျောက်မဲ-၂)၊ ဒေါ်ရီရီဝင်း(မိုးမိတ်-၁) | ဒေါက်တာညီညီအောင် (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး) | ရယူရန် |
| 3 | ဒေါ်နန်းစမ်းစမ်းအေး (သီပေါ-၁) | “ ရှမ်းပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဦးစားပေး လုပ်ဆောင်ပေးရန်တိုက်တွန်းကြောင်း ” အဆို | ဦးစိုင်းစိန်လူ(သိန္နီ-၂)၊ ဦးစိုင်းကျော်သိန်း(မူဆယ်-၁)၊ ဦးစိုင်းနောင့် (မိုင်းပန်-၁)၊ ဦးဇော်ထွန်း(ကွမ်းလုံ-၂)၊ ဦးအောင်သူ(လားရှိုး-၂) | ဗိုလ်မှူးကြီးစိုးမိုးအောင်(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |
| 4 | ဦးစိုင်းနောင့်(မိုင်းပန်-၁) | ရှမ်းပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များတွင် ရှမ်းဘာသာဖြင့် ရေးသားထားသည်များအား ပြန်လည်ဖျက်သိမ်းဆောင်ရွက် စေခြင်း/ရေးသားစိုက်ထူခွင့်ပိတ်ပင်ခြင်းများသည် တိုင်းရင်းသားညီညွတ်ရေးကိုထိခိုက်စေနိုင်သဖြင့် စီစဉ်ဆောင်ရွက်ခြင်း မပြုပါရန်အဆို။ | ဦးစိုင်းလုံ(လင်းခေး-၂) | ဦးစိုးညွန့်လွင်(စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး) | ရယူရန် |