ရှမ်းပြည်နယ်လွှတ်တော် Website အား စမ်းသပ်ထုတ်လွှင့်နေခြင်းဖြစ်ပါသည်
34ºc, Sunny - Tuesday, 4th November, 2025
| စဉ် | ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် | တင်သွင်းသည့်အဆို | ထောက်ခံအကြံပြုဆွေးနွေးသူ | ရှင်းလင်းဆွေးနွေးသူ | မှတ်ချက် |
|---|---|---|---|---|---|
| 1 | ဦးမြင့်စိုးနိုင်(ရပ်စောက်-၂) | ရှမ်းပြည်နယ်လွှတ်တော်ရုံး အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ရေးရာကော်မတီ ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဖွဲ့စည်းပုံအသစ်(မူကြမ်း)အားလွှတ်တော်မှ အတည်ပြုပေးပါရန်အဆို။ | ဦးစိုင်းဘဦး(လွိုင်လင်-၂)၊ ဦးဝင်းမြင့်(အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး) | ဦးစိုင်းခမ်းမှတ်(ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ) | ရယူရန် |
| 2 | ဦးအေးမင်းစိုး(ရွာငံ-၁) | ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာအုပ်စု၊ ဆည်ရွာ ကျေးရွာအုပ်စုများမှ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီး ကျေးရွာအား မြို့ကြီးမြို့အဖြစ် သတ်မှတ်ပေးရန် အဆိုတင်သွင်းခြင်း။ | ဦးသိန်းဇော်မိုး(ညောင်ရွှေ-၂)၊ ဒေါ်မေရီနျို့(ဖယ်ခုံ-၁) | ဗိုလ်မှူးကြီးနိုင်ဝင်းအောင်(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |
| 3 | ဦးဒါဝိဒ်(မိုင်းဆတ်-၂) | ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးလစ်ဟင်းမှု မရှိစေရေးအတွက် အဆိုတင်သွင်းခြင်း။ | ဦးစိုင်းကျောက်(မိုင်းဖြတ်-၁)၊ ဦးစိုင်းလှိုင်ခမ်း(မိုင်းယန်း-၁)၊ ဦးလင်းအောင်ဆွေ(နမ့်စန်-၁) | ဗိုလ်မှူးကြီးနိုင်ဝင်းအောင်(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး)၊ ဦးစိုးညွန့်လွင်(စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး)(အကြံပြု) | ရယူရန် |
| 4 | ဦးစိုင်းထွန်းဉာဏ်(ကျောက်မဲ-၂) | လွှတ်တော်ရေးရာကော်မတီများ ကွင်းဆင်းလေ့လာကြားနာပြီး သုံးသပ်ချက်၊ အကြံပြုချက်၊ တင်ပြချက်အမှုတွဲများအပေါ် အစိုးရအဖွဲ့မှ အလေးထားပြီး ဆောင်ရွက်ပေးရန်နှင့် လွှတ်တော်အစည်းအဝေး ကျင်းပအကြိမ်အတိုင်း ရှင်းလင်းတင်ပြပေးရန် အဆို။ | ဦးစိုင်းမွန်းလိန်(မိုးနဲ-၁)၊ ဦးအားကို(မိုင်းဖြတ်-၂)၊ ဦးစိုင်းလုံ(နမ့်စန်-၂)၊ ဦးသန်းထိုက်(ကလော-၂) | ဦးစိုင်းလုံကျော်(စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး) | ရယူရန် |
| 5 | ဦးခိုင်ညီညီကျော်(ရပ်စောက်-၁) | လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကို ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လျှောက်ထားရာတွင် မရရှိသဖြင့် ဥပဒေတွင် သတ်မှတ်ထားသောကာလအတွင်း အမြန်ရရှိရေးကို စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အဆို။ | ဦးစိုင်းကျော်ဇေယျ(ခ)စိုင်းယဉ်(လဲချား-၁)၊ဒေါ်ရီရီဝင်း(မိုးမိတ်-၁)၊ဒေါ်မေရီနျို့(ဖယ်ခုံ-၁)၊ဦးမင်းမင်းသိန်း (မဘိမ်း-၂)၊ ဦးသန်းထိုက်(ကလော-၂) | ဦးစိုင်းလုံကျော်(စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး) | ရယူရန် |
| 6 | ဦးစိုင်းလုံ(မိုင်းကိုင်-၂) | ရှမ်းပြည်နယ်အတွက် နှစ်စဉ် ဖေဖော်ဝါရီလ ( ၇ ) ရက် (ရှမ်းပြည်နယ်နေ့)ကို ရှမ်းပြည်နယ် အစိုးရမှ ရှမ်းပြည်နယ်အတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေးအဆို တင်သွင်း ခြင်း။ | ဦးစိုင်းထွန်းဝင်း(ခ)စိုင်းနော်ခမ်း(ကျောက်မဲ-၁)၊ဦးအောင်ထွဏ်း(နမ့်ဆန်-၂)၊ဦးညီညီ(ခ)ညီလေးချမ်း (ပင်းတယ-၂)၊ ဦးသိန်းဇော်မိုး(ညောင်ရွှေ-၂)၊ဦးစိုင်းအောင်ကျော်ဦး(ကွန်ဟိန်း-၂)၊ဒေါ်နန်းခင်ထားရီ (သိန္နီ-၁)၊ဦးစိုင်းလင်းမြတ်(မိုင်းရှူး-၁) | ဗိုလ်မှူးကြီးနိုင်ဝင်းအောင်(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |
| 7 | ဦးစိုင်းထွန်းဉာဏ်(ကျောက်မဲ-၂) | ရှမ်းပြည်နယ် စည်ပင်သာယာရေး လုပ်ငန်းစဉ်များ ရငွေ / သုံးငွေ ပွင့်လင်းမြင်သာမှုဆိုင်ရာ အဆို တင်သွင်းခြင်း။ | ဒေါ်ရီရီဝင်း(မိုးမိတ်-၁)၊ဦးစိုင်းကျော်သိန်း(မူဆယ်-၁)၊ဦးအေးမောင်(နမ့်ခမ်း-၂)၊ဦးသန်းထိုက်(ကလော-၂)၊ ဦးအားမဲ(မိုင်းခတ်-၂) | ဦးစိုင်းစွံဆိုင်း(စည်ပင်သာယာရေးဝန်ကြီး) | ရယူရန် |