ရှမ်းပြည်နယ်လွှတ်တော် Website အား စမ်းသပ်ထုတ်လွှင့်နေခြင်းဖြစ်ပါသည်
34ºc, Sunny - Tuesday, 4th November, 2025
| စဉ် | ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် | တင်သွင်းသည့်အဆို | ထောက်ခံအကြံပြုဆွေးနွေးသူ | ရှင်းလင်းဆွေးနွေးသူ | မှတ်ချက် |
|---|---|---|---|---|---|
| 1 | ဦးကျော်မြ(နောင်ချို-၁) | တောင်သူလယ်သမားတိုင်းအား မြေစာရင်းပုံစံ (၁၀၅)(သို့) မြေစာရင်းပုံစံ (၂၂)နှင့် ဦးပိုင်မှတ်တမ်းစာရွက်ကို လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် ဖြေလျော့ပေးသော နှုန်းထားများဖြင့် အောက်ခြေကျေးရွာများအထိ စီမံချက်တစ်ရပ်ချမှတ်ရေးအဆို။ | ဦးလောရင်း(ကယန်းဝန်ကြီး)၊ဦးဝင်းမြင့်(အင်းအမျိုးသားလူမျိုးစုကိုယ်စားလှယ်)၊Dr.ထွန်းအောင်(ညောင်ရွှေ-၁)၊ဦးစိုင်းတင်ဦး(နမ့်ခမ်း-၁)၊ဦးစိုင်းစိန်ဝင်း(သီပေါ-၂) | ဦးစိုင်းဆာလူ(စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး) | ရယူရန် |
| 2 | ဦးအောင်ကျော်ညွန့်(ရပ်စောက်-၁) | ကျေးရွာအုပ်စုနှင့် ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူလူထုများ ပိုင်ဆိုင်သောနေအိမ်များ၊ စိုက်ပျိုး လုပ်ကိုင်ကြသော ဥယျာဉ်ခြံမြေများအားအသိအမှတ်ပြုပုံစံ(၁၀၅)ကို အခကြေးငွေ မယူဘဲ သက်ဆိုင်ရာမှ အမြန်ဆုံးပြုလုပ်ပေးသင့်ပါကြောင်းအဆို။ | ဦးလောရင်း(ကယန်းဝန်ကြီး)၊ ဦးဝင်းမြင့်(အင်းအမျိုးသားလူမျိုးစုကိုယ်စားလှယ်)၊Dr.ထွန်းအောင်(ညောင်ရွှေ-၁)၊ဦးစိုင်းတင်ဦး(နမ့်ခမ်း-၁)၊ဦးစိုင်းစိန်ဝင်း(သီပေါ-၂) | ဦးစိုင်းဆာလူ(စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး | ရယူရန် |
| 3 | ဒေါ်နန်းစမ်းစမ်းအေး(သီပေါ-၁) | “ ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ ၂၀၁၃ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေအမှတ်(၁၀)အား ပြန်လည် သုံးသပ်ခြင်းနှင့် နည်းဥပဒေများ ရေးဆွဲပြဌာန်းနိုင်ရန် တိုက်တွန်းခြင်း အဆို” | ဦးခိုင်ညီညီကျော်(ရပ်စောက်-၁)၊ ဦးသန်းထိုက်(ကလော-၂) | ဦးစိုင်းစွံဆိုင်း(စည်ပင်သာယာရေးဝန်ကြီး) | ရယူရန် |
| 4 | ဒေါ်နန်းစမ်းစမ်းအေး(သီပေါ-၁) | “၂၀၁၃ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေများဖြစ်သော ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက် များတင်သွင်းခြင်း နည်းဥပဒေတွင် အချိန်အကန့်အသတ်နှင့် သက်ဆိုင်ရာကော်မတီ၏ လုပ်ပိုင်ခွင့်များကို ပြန်လည် သတ်မှတ်ပေးရေး အဆို။” | ဦးတင်လှိုင်(နမ္မတူ-၁)၊ ဦးစိုင်းအောင်ခမ်း(မိုင်းပန်-၂)၊ ဒေါ်နန်းခင်ထားရီ(သိန္နီ-၁)၊ ဦးခင်မောင်တင့်(တာချီလိတ်-၂) | ဦးစိုင်းရှဲန်တစ်လုံ(ဘဏ္ဍာရေးဝန်ကြီး) | ရယူရန် |