ရှမ်းပြည်နယ်လွှတ်တော် Website အား စမ်းသပ်ထုတ်လွှင့်နေခြင်းဖြစ်ပါသည်
34ºc, Sunny - Tuesday, 4th November, 2025
| စဉ် | ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် | တင်သွင်းသည့်အဆို | ထောက်ခံအကြံပြုဆွေးနွေးသူ | ရှင်းလင်းဆွေးနွေးသူ | မှတ်ချက် |
|---|---|---|---|---|---|
| 1 | ဦးစိုင်းလှဝင်း(မိုင်းပြင်း-၂) | ရှမ်းပြည်နယ်အတွင်း ဆင်းရဲမှုလျော့ချပြီး လူနေမှုအဆင့်အတန်းမြင့်မားလာရေးအတွက် သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းမှ အခြေခံဥပဒေပုဒ်မ ၁၈၈ အရ ဇယား(၂)ပါ ပြဋ္ဌာန်း ထားသည့်ကဏ္ဍကြီး(၈)ရပ်မှ ပြည်သူ့အကျိုးပြုလုပ်ငန်းဖော်ဆောင်ပေးမည့် ဥပဒေကြမ်းများ ရေးဆွဲပေးရန်အဆို | ဦးညွန့်ဝင်း(မိုင်းဖြတ်-၁) | ဦးမောင်မောင်(ဥပဒေချုပ်) | ရယူရန် |
| 2 | ဒေါ်နန်းခမ်းအေး(နမ္မတူ-၂) | ရှမ်းပြည်နယ်အတွင်းဖြတ်သန်းသွားသော Gas ပိုက်လိုင်းအတွက် Gas ရောင်းရငွေ၏အမြတ် ၅%ကို ရှမ်းပြည်နယ်ဘဏ္ဍာငွေသို့ နှစ်စဉ်ပေးရန်နှင့် အကျိုး အပြစ်များအတွက် မည်သို့ဆောင်ရွက်ထားသင့်သည်ကို ရှမ်းပြည်နယ်အစိုးရမှ တိကျစွာတောင်းဆိုပေးပါရန် အဆို | ဒေါ်အေးချိုစိန်(ဖယ်ခုံ-၁) ဦးအောင်ထွဏ်း(နမ့်ဆန်-၂) | ဦးစိုင်းထွန်းရင်(လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး) | ရယူရန် |
| 3 | ဦးအောင်ကျော်ညွန့်(ရပ်စောက်-၁) | ပညာရေးဝန်ထမ်းများ မိမိတာဝန်ကို စဉ်ဆက်မပြတ် ကြိုးပမ်း အောင်မြင်နိုင်ရေးအတွက် ဆုပေးဒဏ်ပေးမျာဖြင့် ပြုလုပ် ဖော် ဆောင်သင့်ပါကြောင်းအဆို။ | ဦးမြင့်စိုးနိုင်(ရပ်စောက်-၂)၊ ဒေါ်နန်းငွေငွေ(မူဆယ်-၁)၊ ဒေါ်နန်းမြမြလွင်(မိုင်းယောင်း-၂) | ဒေါက်တာမျိုးထွန်း(လူမှုရေးဝန်ကြီး) | ရယူရန် |
| 4 | ဒေါ်နန်းခမ်းအေး(နမ္မတူ-၂) | စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများအကြား ဖြစ်ပေါ်လာနိုင်သည့် လူမျိုးရေးသွင်ဆောင်မည့် ပြဿနာများ၊ ပဋိပက္ခများကို ကြိုတင်ကာကွယ်ပေးနိုင်ရေးအဆို။ | ဦးစိုင်းခမ်းကျော်(ကျောက်မဲ-၁)၊ ဦးကျော်မြ(နောင်ချို-၁) | ဗိုလ်မှူးကြီးအောင်သူ(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |
| 5 | ဦးစိုင်းစိန်ဝင်း(သီပေါ-၂) | ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၂)၁။(ဃ)တွင်ပါရှိသောယစ်မျိုး ခွန်(အရက်ချက်)လိုင်စင်လုပ်ထုံးလုပ်နည်းများပြင်ဆင်နိုင်ရေးအဆို။ | ဦးစိုင်းခမ်းကျော်(ကျောက်မဲ-၁) | ဦးရဲနိုင်အောင်(အတွင်းရေးမှူး၊ရှမ်းပြည်နယ်အစိုးရအဖွဲ့) | ရယူရန် |
| 6 | ဦးစိုင်းတင်ဦး(နမ့်ခမ်း-၁) | ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိသော သစ်လုံးများ၊ သစ်ခွဲသား များ၊ ကိုင်းဖျား ကိုင်းနားများနှင့် သစ်ငုတ်တိုများကို ရှမ်းပြည်နယ် အစိုးရ၏ဘဏ္ဍာရန်ပုံငွေအဖြစ်ပေးသွင်းရန်အဆို။ | ဦးစိုင်းခမ်းကျော်(ကျောက်မဲ-၁)၊ ဒေါက်တာထွန်းအောင်(ညောင်ရွှေ-၁) | ဦးစိုင်းဆာလူ(စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး) | ရယူရန် |
| 7 | ဦးမင်းမင်းသိန်း(မဘိမ်း-၂) | “ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအုပ်စုသည် လူဦးရေ များပြားလာသည့် အတွက် ငါးအိုးကျေးရွာအုပ်စုအား မြို့ပြအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးပါရန်”အဆို | ဒေါ်မေရီနျို့(ဖယ်ခုံ-၁)၊ ဦးခိုင်ညီညီကျော်(ရပ်စောက်-၁)၊ ဒေါ်ရီရီဝင်း(မိုးမိတ်-၁) | ဗိုလ်မှူးကြီးစိုးမိုးအောင်(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |