First Term ရှမ်းပြည်နယ်လွှတ်တော် Third Regular ( ဒုတိယနေ့ ) တွင် တင်သွင်းခဲ့သည့် အစည်းအဝေးအဆိုနှင့် ပတ်သက်၍ ဆောင်ရွက်ချက်
စဉ် ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် တင်သွင်းသည့်အဆို ထောက်ခံအကြံပြုဆွေးနွေးသူ ရှင်းလင်းဆွေးနွေးသူ မှတ်ချက်
1 ဦးစိုင်းထွန်းထွန်းလွင်(တန့်ယန်း-၂) ထော်လာဂျီမောင်းနှင်ရာတွင် ယာဉ်မောင်းလိုင်စင်ရှိသူများသာ မောင်းခွင့်ပြုရန်၊ မီးခိုးထွက်များသော၊ ဆူညံသံအလွန်ကျယ်သောထော်လာဂျီယာဉ်များကို ရှမ်းပြည်နယ်အတွင်းမောင်းနှင်ခွင့်မပြုရန်စည်းကမ်းဥပဒေများကို သတ်မှတ်ပေးရန်အဆို ဒေါ်နန်းခမ်းအေး(နမ္မတူ-၂)၊ ဦးအောင်ကျော်ညွန့်(ရပ်စောက်-၁)၊ ဦးဇော်ဦး(နမ္မတူ-၁) ဗိုလ်မှူးကြီးအောင်သူ(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) ရယူရန်
2 ဦးစိုင်းထွန်းထွန်းလွင်(တန့်ယန်း-၂) ယာဉ်မောင်းလိုင်စင်ရှိသူများသာဆိုင်ကယ်မောင်းနှင်ခွင့်ရရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးရန်၊ ဒဏ်ငွေနှင့်အတူပညာပေးအစီအစဉ်သတ်မှတ်ချက်များစီစဉ်ပေးရန်၊ စည်းကမ်းဥပဒေများသတ်မှတ်ပေးရန်အဆို ဒေါ်နန်းခမ်းအေး(နမ္မတူ-၂) ဗိုလ်မှူးကြီးအောင်သူ(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) ရယူရန်
3 ဒေါ်အေးချိုစိန်(ဖယ်ခုံ-၁) ဒေသတွင်းပြည်သူများ လွတ်လပ်၍ဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ရေးနှင့် ပြည်နယ်ဘဏ္ဍာငွေရရှိရေးအတွက် ပြည်သူလူထု၏အကျိုးစီးပွားကိုရှေးရှုပြီး ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တစ်မြို့နယ်လျှင် ပုဂ္ဂလိက(သို့မဟုတ်) အစိုးရသစ်အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ခွင့်ပြုရေးအဆို ဦးဇော်ဇော်(မဘိမ်း-၁) ဦးစိုင်းအိုက်ပေါင်း(သစ်ဆောနှင့်သတ္တုဝန်ကြီး) ရယူရန်
4 ဦးစိုင်းနု(ကွန်ဟိန်း-၂) ခြောက်ဘီးယာဉ်များအား(၂၅)တန်အထိ၊ ဆယ်ဘီးယာဉ်များအား(၃ဝ)တန်အထိ တိကျစွာသတ်မှတ်၍ တင်ဆောင်စေပြီး စည်းကမ်းမလိုက်နာသော ယာဉ်များအား ထိရောက်စွာ အရေးယူမှုများပြုသွားမည် ဆိုပါက အဘက်ဘက်မှ အဆင်ပြေစေနိုင်မည်ဖြစ်သဖြင့် စိစစ်ဆောင်ရွက်နိုင်ပါရန် အဆို ဦးစိုင်းအောင်ခမ်း(မိုင်းပန်-၂) ဦးစိုင်းနော်ခမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရယူရန်