ရှမ်းပြည်နယ်လွှတ်တော် Website အား စမ်းသပ်ထုတ်လွှင့်နေခြင်းဖြစ်ပါသည်
34ºc, Sunny - Tuesday, 4th November, 2025
| စဉ် | ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် | တင်သွင်းသည့်အဆို | ထောက်ခံအကြံပြုဆွေးနွေးသူ | ရှင်းလင်းဆွေးနွေးသူ | မှတ်ချက် |
|---|---|---|---|---|---|
| 1 | ဦးစိုင်းထွန်းထွန်းလွင်(တန့်ယန်း-၂) | ထော်လာဂျီမောင်းနှင်ရာတွင် ယာဉ်မောင်းလိုင်စင်ရှိသူများသာ မောင်းခွင့်ပြုရန်၊ မီးခိုးထွက်များသော၊ ဆူညံသံအလွန်ကျယ်သောထော်လာဂျီယာဉ်များကို ရှမ်းပြည်နယ်အတွင်းမောင်းနှင်ခွင့်မပြုရန်စည်းကမ်းဥပဒေများကို သတ်မှတ်ပေးရန်အဆို | ဒေါ်နန်းခမ်းအေး(နမ္မတူ-၂)၊ ဦးအောင်ကျော်ညွန့်(ရပ်စောက်-၁)၊ ဦးဇော်ဦး(နမ္မတူ-၁) | ဗိုလ်မှူးကြီးအောင်သူ(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |
| 2 | ဦးစိုင်းထွန်းထွန်းလွင်(တန့်ယန်း-၂) | ယာဉ်မောင်းလိုင်စင်ရှိသူများသာဆိုင်ကယ်မောင်းနှင်ခွင့်ရရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးရန်၊ ဒဏ်ငွေနှင့်အတူပညာပေးအစီအစဉ်သတ်မှတ်ချက်များစီစဉ်ပေးရန်၊ စည်းကမ်းဥပဒေများသတ်မှတ်ပေးရန်အဆို | ဒေါ်နန်းခမ်းအေး(နမ္မတူ-၂) | ဗိုလ်မှူးကြီးအောင်သူ(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |
| 3 | ဒေါ်အေးချိုစိန်(ဖယ်ခုံ-၁) | ဒေသတွင်းပြည်သူများ လွတ်လပ်၍ဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ရေးနှင့် ပြည်နယ်ဘဏ္ဍာငွေရရှိရေးအတွက် ပြည်သူလူထု၏အကျိုးစီးပွားကိုရှေးရှုပြီး ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တစ်မြို့နယ်လျှင် ပုဂ္ဂလိက(သို့မဟုတ်) အစိုးရသစ်အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ခွင့်ပြုရေးအဆို | ဦးဇော်ဇော်(မဘိမ်း-၁) | ဦးစိုင်းအိုက်ပေါင်း(သစ်ဆောနှင့်သတ္တုဝန်ကြီး) | ရယူရန် |
| 4 | ဦးစိုင်းနု(ကွန်ဟိန်း-၂) | ကွန်ဟိန်းမြို့နယ်ရှိ (၃၅)ပေရှည်သော ကွတ်ပုံ-ဝမ်လောတံတား၊ (၇၂)ပေရှည်သော ဆိုင်းမွန်း- ဆိုင်းခေါင် တံတား၊ ပေ(၁၀၀)ရှည်သော ခိုလေ-ငါးတိုင် တံတားကြီး(၃)စင်းအားစိစစ်၍ပြန်လည်ပြုပြင်ပေးရန်အဆို | ဦးစိုင်းဘဦး(လွိုင်လင်-၂) | ဦးစိုင်းနော်ခမ်း(လမ်းပန်းဆက်သွယ်ရေးဝန်ကြီး) | ရယူရန် |
| 5 | ဦးစိုင်းနု(ကွန်ဟိန်း-၂) | ပြည်နယ်အတွင်း ဓါတ်သတ္တုစမ်းသပ်ရှာဖွေ ဖော်ထုတ်လုပ်ကိုင်သူများ၏ တစ်ပိုင်တစ်နိုင်အသေးစားထုတ်လုပ်လိုမှုများအား သက်ဆိုင်ရာ ပြည်နယ် အစိုးရမှ လိုအပ်သလိုစိစစ်၍ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်သင့်ပါကြောင်း | ဦးသောင်းရွှေ(ကလော-၁)၊ ဦးသန့်ဇင်ဦး(မဘိမ်း-၂)၊ ဦးဇော်ဇော်(မဘိမ်း-၁) | ဦးစိုင်းအိုက်ပေါင်း(သစ်တောနှင့်သတ္တုဝန်ကြီး) | ရယူရန် |
| 6 | ဦးစိုင်းနု(ကွန်ဟိန်း-၂) | ခြောက်ဘီးယာဉ်များအား(၂၅)တန်အထိ၊ ဆယ်ဘီးယာဉ်များအား(၃ဝ)တန်အထိ တိကျစွာသတ်မှတ်၍ တင်ဆောင်စေပြီး စည်းကမ်းမလိုက်နာသော ယာဉ်များအား ထိရောက်စွာ အရေးယူမှုများပြုသွားမည် ဆိုပါက အဘက်ဘက်မှ အဆင်ပြေစေနိုင်မည်ဖြစ်သဖြင့် စိစစ်ဆောင်ရွက်နိုင်ပါရန် အဆို | ဦးစိုင်းအောင်ခမ်း(မိုင်းပန်-၂) | ဦးစိုင်းနော်ခမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး | ရယူရန် |
| 7 | ဦးသန်းထိုက်(ကလော-၂) | “ကလောမြို့နယ်၊ဟဲဟိုးကျေးရွာ အုပ်စုအားဟဲဟိုးမြို့အဖြစ်ပြောင်းလဲ/ တိုးချဲ့ သတ်မှတ်ပေးရန် ” အဆို | ဦးအေးမင်းစိုး(ရွာငံ-၁)၊ ဦးခင်မောင်တင့်(တာချီလိတ်-၂)၊ ဦးစိုင်းကျော်သိန်း(မူဆယ်-၁) | ဗိုလ်မှူးကြီးစိုးမိုးအောင်(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |
| 8 | ဦးစိုင်းအောင်ခမ်း(မိုင်းပန်-၂) | “ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေ BE - RE ဘတ်ဂျက် ငွေလုံးငွေရင်းဖြင့် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုမ္ပဏီများအနေဖြင့် အစိုးရနှင့်ချုပ်ဆိုသော စာချုပ်မိတ္တူများ BP-BQမိတ္တူများကို မြို့နယ်များ ရှိ (က.စ.လ)များထံသို့ ပေးပို့ရန်” အဆို | ဦးခွန်ဟန်သိန်းဦး (မောက်မယ်-၂)၊ဦးအားကို(မိုင်းဖြတ်-၂)၊ ဦးအောင်ထွဏ်း(နမ့်ဆန်-၂)၊ ဦးလင်းအောင်ဆွေ (နမ့်စန်-၁) | ဦးစိုင်းရှဲန်တစ်လုံ(ဘဏ္ဍာရေးဝန်ကြီး) | ရယူရန် |
| 9 | ဦးအန်းဂျေလို(ဖယ်ခုံ-၂) | “ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ သည် လက်ရှိအခြေအနေတွင် အိမ်ခြေနှင့် လူဦးရေများပြားလာသည်ဖြစ်သည့်အတွက် ကျေးရွာအဆင့်မှ မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးပါရန် ” အဆို | ဦးမင်းမင်းသိန်း(မဘိမ်း-၂)၊ ဒေါ်ရီရီဝင်း(မိုးမိတ်-၁)၊ ဒေါ်မေရီနျို့(ဖယ်ခုံ-၁) | ဗိုလ်မှူးကြီးစိုးမိုးအောင်(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) | ရယူရန် |