First Term ရှမ်းပြည်နယ်လွှတ်တော် Second Regular ( တတိယနေ့ ) တွင် တင်သွင်းခဲ့သည့် အစည်းအဝေးအဆိုနှင့် ပတ်သက်၍ ဆောင်ရွက်ချက်
စဉ် ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် တင်သွင်းသည့်အဆို ထောက်ခံအကြံပြုဆွေးနွေးသူ ရှင်းလင်းဆွေးနွေးသူ မှတ်ချက်
1 ဦးစိုင်းမိုးကြည်(မိုင်းပန်-၁) မဟာဓာတ်အားလိုင်းမရှိသောနေရာများတွင် ရေအားအသုံးပြုနိုင်သောလျှပ်စစ်ထုတ်လုပ်ရေးကိစ္စကို ပြည်နယ်ပိုင်လုပ်ငန်းအဖြစ် ဆောင်ရွက်သင့်ကြောင်း ဦးစိုင်းဝင်းမြတ်ဦး(မိုင်းတုံ-၂) ဦးစိုင်းထွန်းရင်(လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး) ရယူရန်
2 ဒေါ်နန်းခမ်းအေး(နမ္မတူ-၂) မျှစ်စိုများကိုစီးပွားဖြစ်နယ်စပ်သို့တင်ပို့ခြင်းအား နှစ်အကန့်အသတ်ဖြင့် လုပ်ကိုင်ခွင့်ပြုနိုင်ရန်အဆို ဦးစိုင်းသူရိန်ဦး(နမ့်စန်-၂) ဦးစိုင်းအိုက်ပေါင်း(သစ်တောနှင့်သတ္တုဝန်ကြီး) ဦးခွန်သိန်းမောင်(ဘဏ္ဍာရေးဝန်ကြီး) ရယူရန်
3 ဦးစိုင်းအိုက်အေး(လင်းခေး-၁) ရှမ်းပြည်နယ်တွင် ရွှေနှင့်သတ္တုမျိုးစုံလာရောက်တူးဖော်သော ကုမ္ပဏီများသည် ရှမ်းပြည်နယ်အစိုးရ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို သင့်တင့်မျှတသောနှုန်းထားဖြင့် ကူညီပေးဆောင်သင့်ကြောင်းအဆို ဦးဝင်းမြင့်(အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဦးလောရင်း(ကယန်း(ပဒေါင်)တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဒေါ်နန်းမြမြလွင်(မိုင်းယောင်း-၂)၊ ဒေါ်နန်းအက်စကီးမိုး(လဲချား-၁) ဦးစိုင်းအိုက်ပေါင်း(သစ်တောနှင့်သတ္တုဝန်ကြီး) ရယူရန်