Second Term ရှမ်းပြည်နယ်လွှတ်တော် Eighth Regular ( ဒုတိယနေ့ ) တွင် တင်သွင်းခဲ့သည့် အစည်းအဝေးအဆိုနှင့် ပတ်သက်၍ ဆောင်ရွက်ချက်
စဉ် ကိုယ်စားလှယ်အမည်/မဲဆန္ဒနယ်အမှတ် တင်သွင်းသည့်အဆို ထောက်ခံအကြံပြုဆွေးနွေးသူ ရှင်းလင်းဆွေးနွေးသူ မှတ်ချက်
1 ဦးသန်းထိုက်(ကလော-၂) အများပြည်သူနှင့် သက်ဆိုင်သော မြေနေရာများ၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာရေးတို့ကို ထိခိုက်စေသည့် မြေနေရာများတွင် မြေပေးမိန့်ချထားပေးခြင်းများ၊ မြေငှားဂရန်များ ထုတ်ပေးထားခြင်းများကို ပြန်လည်စိစစ် ပယ်ဖျက်ပေးပါရန် အဆို။ ဦးစိုင်းကျောက်(မိုင်းဖြတ်-၁)၊ဦးခင်မောင်ဝင်း(ညောင်ရွှေ-၁)၊ဒေါ်မေရီနျို့(ဖယ်ခုံ-၁)၊ဦးစိုင်းနောင့်( မိုင်းပန်-၁)၊ ဦးခိုင်ညီညီကျော်(ရပ်စောက်-၁) ဦးစိုင်းလုံကျော်(စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး) ရယူရန်
2 ဒေါ်နန်းဖွေးဟွမ်ဦး(မောက်မယ်-၁) “ယနေ့ခေတ်တွင်အမှိုက်အမျိုးမျိုးကြောင့် ညစ်ညမ်းမှုဖြစ်နေသည်ကို လျှော့ချနိုင်ရန်အတွက် စနစ်တကျ စွန့်ပစ်ပုံ စနစ်များ ပါဝင်သော အသိပညာပေးစာအုပ်များကို ပုံနှိပ်ထုတ်လုပ်၍ အိမ်တိုင်းသို့ ဖြန့်ဝေပေးပါရန် တိုက်တွန်း ကြောင်းအဆို” ဦးစိုင်းအောင်မျိုးကျော်(လင်းခေး-၁)၊ ‌ဒေါ်ရီရီဝင်း(မိုးမိတ်-၁)၊ ဦးခင်မောင်ဝင်း(ညောင်ရွှေ-၁) ဦးစိုင်းစွံဆိုင်း(စည်ပင်သာယာရေးဝန်ကြီး) ရယူရန်