Friday, May 7

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

0
15

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

တောင်ကြီး     ဇန်နဝါရီ – ၂၁

   တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ များဖွဲ့စည်းထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။

    ထို့နောက် အစည်းအဝေးတွင် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူအသီးသီးက ဆွေးနွေး တင်ပြကြပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  ဦးစိုင်းလုံးဆိုင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ နေ့လယ်(၁၁၃၀)နာရီ အချိန်တွင် အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်း၊ တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

Leave a reply